သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းဝေးမှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Post Image Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းဝေးမှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ၂၉-၁-၂၀၂၄ ရက်နေ့ (၉:၀၀) နာရီအချိန်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပြီး မကွေးတိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တရားလွှတ်တော်တရားသူကြီးများဖြစ် သည့် ဒေါ်သင်းသင်းချိုနှင့် ဒေါ်ခင်နှင်းထွဋ်တို့မှ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်မှ လည်းကောင်း မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်တရားသူကြီးများက မိမိတို့ခရိုင်အတွင်းရှိ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို အသီးသီးတင်ပြခဲ့ကြပြီး မကွေးတိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်တရားရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ မင်းဘူးခရိုင်တရားရုံး နှင့် မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားသူကြီးများ/ တရားရေးအရာရှိ(၄၀)ဦး တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့်မြို့နယ်တရားရုံးတို့မှ တရားသူကြီး(၃၉)ဦး မှာ Online စနစ်ဖြင့်လည်းကောင်း၊ စုစုပေါင်း (၇၉)ဦးတက်ရောက်ခဲ့ကြပါသည်။