မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများအရည်အသွေးမြှင့်သင်တန်း ဖွင့်ပွဲအခမ်း အနားကို ၁၃-၁၁-၂၀၂၆ ရက်နေ့ ညနေ(၁၅:၃၀)နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တရားလွှတ်တော်တရားသူကြီး(၃)ဦး၊တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ဒုတိယညွှန်ကြားရေးမှူးမျာလက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ မကွေးခရိုင်နှင့် မကွေးမြို့နယ်၊မင်းဘူးခရိုင်နှင့် မင်းဘူး မြို့နယ်တရားရုံးတို့မှတရားသူကြီးများနှင့်တရားရေးအရာရှိများတက်ရောက်ခဲ့ကြပြီး တရားသူကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်နှင့် မကွေးမြို့နယ်၊ မင်းဘူးခရိုင်နှင့် မင်းဘူးမြို့နယ်တရားရုံးတို့မှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးနှင့် ထိုခရိုင်များရှိ ဒုတိယဦးစီးမှူး(၃)ဦးလည်း လေ့လာသူများအနေဖြင့် တက်ရောက်ကြပြီး တရားရေးအရာရှိများက ၁၄-၁၁-၂၀၂၆ ရက်နေ့မှ ၁၅-၁၁-၂၀၂၆ ရက်နေ့၊ နံနက် (၉:၀၀)နာရီမှ ညနေ (၄:၀၀)နာရီအထိ သင်ကြားပို့ချပေးလျက်ရှိပါသည်။