၁၈-၈-၂၀၂၆ ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်သည် မကွေးတိုင်းဒေသကြီးဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ဥပဒေအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှလည်း ဥပဒေဆိုင်ရာအထောက်အကူပေးသည့် လုပ်ငန်းရပ်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါကြောင်းနှင့် အဖွဲ့ဝင်များထံ ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေ စာအုပ်ဖြန့်ဝေပေးခြင်းနှင့် မှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။