မကွေးတိုင်းဒေသကြီးတရားလွှတ်တော်နှင့်ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၏ မှုခင်းကျဆင်းရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၁၄-၁၀-၂၀၂၆ ရက်နေ့ နံနက် (၉)နာရီအချိန်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က ကြန်ကြာမှုခင်းများနှင့် မှုခင်းလက်ကျန်များ အမြန်ပြီးပြတ်စေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
တရားလွှတ်တော်တရားသူကြီးများဖြစ်သည့် ဒေါ်ခင်နှင်းထွဋ်၊ ဦးထွန်းထွန်းအောင်နှင့် ဒေါ်မာလာတို့မှမှုခင်းများကျဆင်းရေးနှင့်ပတ်သက် ၍ လည်းကောင်း၊ တရားမမှုများတွင် ထုတ်နှုတ်ရမည့်ငြင်းချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာအေးက တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း မှာကြားခဲ့ပါသည်။



ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများက တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို အသီးသီးတင်ပြခဲ့ကြပြီး မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်တရားရုံး၊ မကွေးမြို့နယ်တရားရုံး၊ မင်းဘူးခရိုင်တရားရုံးနှင့် မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားသူကြီးများ/ တရားရေးအရာရှိ (၂၃ )ဦးသည် In Person ဖြင့် တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့်မြို့နယ်တရားရုံးတို့မှ တရားသူကြီး( ၄၆ )ဦး သည် Online စနစ်ဖြင့် လည်းကောင်း၊ စုစုပေါင်း ( ၆၉ )ဦးတက်ရောက်ခဲ့ကြပါသည်။