မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ကွန်ပျူတာသင်တန်းကို ၉-၁၁-၂၀၂၆ ရက်နေ့ (၇:၃၀)နာရီအချိန်ကမကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာအေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်နှင့် မကွေးမြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိများတက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်တရားရုံးနှင့် မကွေးမြို့နယ်တရားရုံးတို့မှ သင်တန်းသား/ သင်တန်းသူ(၁၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ၉-၁၁-၂၀၂၆ ရက်နေ့မှ ၁၃-၁၁-၂၀၂၆ ရက်နေ့အထိ သင်တန်းဖွင့်လှစ်ပို့ချသင်ကြားပေးလျက်ရှိပါသည်။