သတင်းများ

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား အသိပညာပေးဆွေးနွေးပွဲကျင်းပ
Post Image Post Image

     မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်း ရေးစနစ် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ၂၂--၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မကွေးတက္ကသိုလ်၊ ပညာ့ရိပ်သာခန်းမ၌ ကျင်းပခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တိုင်းဒေသကြီး တရားရေးဦးစီးမှူးဒေါ်စန္ဒာအေး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေး မှူး  မကွေးခရိုင် နှင့် မင်းဘူးခရိုင်အတွင်းရှိ တရားသူကြီးများ မကွေးတက္ကသိုလ်မှ  ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနွယ်နွယ်နှင်း၊ ဥပဒေပညာဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာ ခင်ဆွေဦး၊ တွဲဖက်ပါမောက္ခ၊ လက်ထောက်ကထိကများနှင့် ဥပဒေပညာဌာနမှ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ( ၁၃၄ )  ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာအေးက အဖွင့် အမှာစကား ပြောကြားခြင်း စေ့စပ်ဖြေရှင်းရေးဌာမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးသီရိခိုင် က တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား အသိပေးပညာပေးဆွေးနွေးခြင်း  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင့်ဝါကျော် ကတရားမမှုများတွင် တရားရုံးကဦးဆောင် သည့် စေ့စပ်ဖြေရှင်းရေးစနစ်အကြောင်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် တက်ရောက်လာသူများ မေးမြန်းချက်များကို တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာအေးက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။