မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ကွန်ပျူတာမွမ်းမံသင်တန်းကို ၁၁-၁၂-၂၀၂၃ ရက်နေ့ (၁၅:၃၀) အချိန်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်သင်းသင်းချို၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီးများ၊ မကွေးမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး၊ တွဲဖက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများ တက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၁၄)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းအား တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း ပထမနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ် ၂၀၂၃ မဟာဗျူဟာရည်မှန်းချက်၊ မဟာဗျူဟာအစီအစဉ်များ စွမ်းဆောင်ရည်မြှင့် နည်းပညာဆိုင်ရာ သင်တန်းများအစီအစဉ်များနှင့်အညီ တရားရုံးအမှုထမ်းများအတွက် စီမံခန့်ခွဲမှုနှင့်နည်းပညာစွမ်းရည်တိုးတက်မြင့်မားစေရန်ကွန်ပျူတာမွမ်းမံသင်တန်းကိုဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းအား ၁၁-၁၂-၂၀၂၃ ရက်နေ့မှ ၁၅-၁၂-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်၍သင်တန်းပို့ချဆောင်ရွက်လျက်ရှိပါသည်။