သတင်းများ

(၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲကျင်းပ
Post Image Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ခရိုင်တရားသူကြီးများ၏(၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ၁၉-၇-၂၀၂၆ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်အတွင်းရှိ တရားသူကြီး(၃၁)ဦးမှာ Inperson တက်ရောက်ကြပြီး Online ဖြင့် ပခုက္ကူခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ချောက်ခရိုင်၊ ဂန့်ဂေါခရိုင်အတွင်းရှိ တရားသူကြီး (၄၄)ဦး စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်မိမိမော်က(၃၁)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုတရားသူကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည့် တရား စီရင်ရေး၊ စီမံ ခန့်ခွဲရေးကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏   လမ်းညွှန်မှာကြားချက်များကို မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်ခင်နှင်းထွဋ်၊ ဦးထွန်းထွန်းအောင် နှင့် ဒေါ်မာလာတို့က ထပ်ဆင့်ရှင်းလင်းမှာကြားပြီး  ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်တို့က မှာကြားသည့် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာအေးက ထပ်ဆင့် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပါသည်။