မကွေးတိုင်းဒေသကြီးတရားလွှတ်တရားသူကြီးချုပ်ဒေါ်မိမိမော်သည်မကွေးတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာအေး၊ မကွေးဗဟိုအကျဉ်းထောင် ညွှန်ကြားရေးမှူး၊ ဦးထွန်းခိုင်၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ ရုံးအဖွဲ့မှူး၊ ထောင်တာဝန်ခံအရာရှိ ဦးဝင်းနိုင်၊ ခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီးတို့နှင့်အတူ ၂၆-၆-၂၀၂၆ ရက်နေ့ မွန်းလွဲ၁ နာရီခွဲက မကွေးဗဟိုအကျဉ်း ထောင်အား သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အကျဉ်းသူ၊ အကျဉ်းသားများအား ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/မရှိ ဥပဒေနှင့်မညီဘဲ မတရားညှင်းပမ်းနှိပ်စက်မှုများ ရှိ/မရှိ သောက်သုံးရေ သန့်ရှင်းစင်ကြယ်မှု ရှိ/မရှိ၊ သောက်သုံးရေ သန့်ရှင်းစင်ကြယ်မှု ရှိ/မရှိ၊ အစားအသောက်အာဟာရ သင့်တင့်မျှတကောင်းမွန်စွာ ကျွေးမွေးမှု ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု၊ သန့်ရှင်းမှု ရှိ/မရှိ၊ အဆောင်များ သန့်ရှင်းသပ်ရပ်မှုနှင့် လေဝင်လေထွက်ကောင်းမွန်မှု ရှိ/မရှိ၊ အမျိုးသမီးအကျဉ်းသူ၊ အချုပ်သူများအား အကာအရံလုံခြုံစွာဖြင့် အမျိုးသမီးအဖော်များဖြင့် စောင့်ရှောက်မှု ရှိ/မရှိ၊ စစ်ဆေးဆဲအမှုများမှ ကြန့်ကြာသည့် အချုပ်တရားခံများ ရှိ/မရှိ၊ လူ့အခွင့်အရေးချိုးဖောက်မှု ရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်ထားရှိမှုတို့ကို စစ်ဆေးကြည့်ရှုကာ အကျဉ်းသား၊ အကျဉ်းသူများ၏ တင်ပြချက်များ၊ အယူခံဆိုင်ရာ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။