မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် “တရားရုံးကဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ ” အခမ်းအနားကို ၂၄-၆-၂၀၂၆ ရက်နေ့၊နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပြီး၊ ဆွေးနွေးပွဲအခမ်းအနား သို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေး ခရိုင်တရားသူကြီး၊ မကွေးခရိုင်ဥပဒေအရာရှိ၊ မကွေးမြို့နယ်တရားသူကြီး၊ မကွေးမြို့နယ် ဥပဒေအရာရှိ၊ ဘဏ်ရှေ့နေများ၊ ပြင်ပရှေ့နေများနှင့် ဘဏ်မန်နေဂျာများ၊ စုစုပေါင်း(၃၂)ဦး
တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါ စေ့စပ်ဖြေရှင်းရေးစနစ်အသိပညာပေးဆွေးနွေးပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်မိမိမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူးဒေါ်စန္ဒာအေးက တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ မိတ်ဆက် စကားပြောကြားခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးသီရိခိုင်က တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်း ချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
