သတင်းများ

စေ့စပ်ဖြေရှင်းရေးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် ၁/၂၀၂၆ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်း
Post Image Post Image

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်- /၂၀၂၆ ကို ၂၄--၂၀၂၆ ရက်နေ့၊ နံနက်(:၀၀)နာရီတွင် မကွေးတိုင်း ဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့    မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် မကွေးတိုင်းဒေသကြီးတရား လွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ် တို့မှ တရားသူကြီးများ၊ တရားရေးအရာရှိများသည် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ကျန်ခရိုင်နှင့်မြို့နယ်တရားရုံးတို့မှ တရားသူကြီးများ၊ တရားရေးအရာရှိများသည် (Online) ဖြင့်လည်းကောင်း စုစုပေါင်း(၅၉)ဦး တက်ရောက်ခဲ့ကြပါသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ် ဒေါ်မိမိမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးတိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဒေါ်စန္ဒာအေးမှ သင်တန်းအမှာ စကားပြောကြား ခဲ့ပါသည်။ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးသီရိခိုင်နှင့် လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်ဝင့်ဝါကျော်တို့က သင်တန်းပို့ချခဲ့ပါသည်။