သတင်းများ

ငွေစာရင်း၊ ဘတ်ဂျက်စီမံခန့်ခွဲရေးနှင့်ဘိလစ်လုပ်ငန်းတာဝန်များသင်တန်းဖွင့်လှစ်ခြင်း
Post Image Post Image

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင်   ငွေစာရင်း၊ ဘတ်ဂျက်စီမံခန့်ခွဲရေးနှင့်  ဘိလစ်လုပ်ငန်းတာဝန်များသင်တန်းကို  ၆-၆-၂၀၂၆  ရက်နေ့ နံနက်(၉)နာရီအချိန်က    မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာအေး တက်ရောက်၍    အဖွင့်အမှာစကား      ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှတရားရေးအရာရှိများ၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊မကွေးခရိုင်၊ မင်းဘူးခရိုင်၊မကွေးမြို့နယ်၊မင်းဘူးမြို့နယ်တရားရုံးတို့မှ သင်တန်းသား၊ သင်တန်းသူ(၁၇)ဦး အား သင်တန်းပို့ချခဲ့ပါသည်။