မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ဘတ်ဂျက်နှင့်ငွေစာရင်းသင်တန်းကို ၇-၁၂-၂၀၂၃ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အဆိုပါအခမ်းအနားသို့တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှတရားရေးအရာရှိများတက်ရောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ချောက်ခရိုင်၊ မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်တရားရုံးတို့မှ သင်တန်းသား၊ သင်တန်းသူ (၂၁)ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းအား တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း ပထမနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ် ၂၀၂၃ မဟာဗျူဟာရည်မှန်းချက်အစီအစဉ်များနှင့်အညီ တရားရုံးဘတ်ဂျက်ကိုစီမံခန့်ခွဲရန် တရားရုံးအမှုထမ်းများ စွမ်းရည်တိုးတက်မြင့်မားအောင်ဆောင်ရွက်ခြင်း အစီအစဉ်များနှင့်အညီ ငွေစာရင်းဆိုင်ရာသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းအား ၇-၁၂-၂၀၂၃ ရက်နေ့ နံနက် (၉:၀၀)နာရီမှ ညနေ (၄:၀၀)နာရီအထိ ဖွင့်လှစ်၍သင်တန်းပို့ချခဲ့ပါသည်။