မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ၂၂-၅-၂၀၂၆ ရက်နေ့ (၁၀:၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရှိဝန်ထမ်းများ၏ ပညာသင်ကြားမည့် သားသမီးများအား မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀)ဦး အတွက် ပညာသင်ထောက်ပံ့စရိတ်ငွေ ( ၅၈၀၀၀ဝိ/-)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


