သတင်းများ

သတင်းမီဒီယာကျွမ်းကျင်မှုဆင့်ပွားသင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်း
Post Image Post Image

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် သတင်းမီဒီယာကျွမ်းကျင်မှုဆင့်ပွားသင်တန်းကို ၂၁-၁၂-၂၀၂၅ ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများနှင့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊  မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့်တရားရေးအရာရှိများ တက်ရောက်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၂၂)ဦး အား သင်တန်းပို့ချသင်ကြားပေးခဲ့ပါသည်။