သတင်းများ

တရားရုံးဝန်ထမ်းများအရည်အသွေးမြှင့်သင်တန်းဖွင့်လှစ်ခြင်း
Post Image Post Image

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများအရည်အသွေးမြှင့်သင်တန်းကို ၆-၁၂-၂၀၂၅  ရက်နေ့ နံနက် (၈)နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးနှင့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊  မကွေးခရိုင်၊ မင်းဘူးခရိုင်၊ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်တရားရုံးတို့မှ သင်တန်းသား၊ သင်တန်းသူ (၁၈)ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား ၆-၁၂-၂၀၂၅ ရက်နေ့မှ ၇-၁၂-၂၀၂၅ ရက်နေ့ အထိ နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ သင်တန်းဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ပါသည်။