သတင်းများ

မှုခင်းကျဆင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Post Image Post Image

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်နှင့်ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၏ မှုခင်းကျဆင်းရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၂-၁၁-၂၀၂၅ ရက်နေ့ နံနက် (၈)နာရီအချိန်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က ကြန်ကြာမှုခင်းများနှင့် မှုခင်းလက်ကျန်များ အမြန်ပြီးပြတ်စေရေး၊  မြန်မာ့စီးပွားရေးဘဏ်မှတရားစွဲဆိုခဲ့သောအမှုများ အခြားပုဂ္ဂလိကဘဏ်များမှ စွဲဆိုထားသောအမှုများ အမြန် ပြီးပြတ်စေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

တရားလွှတ်တော်တရားသူကြီးများဖြစ်သည့် ဒေါ်ခင်နှင်းထွဋ်နှင့် ဦးထွန်းထွန်းအောင်တို့မှ မှုခင်းများကျဆင်းရေးနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး  တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်မာလာက တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍လည်းကောင်း မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်တရားသူကြီးများက မိမိတို့ခရိုင် အတွင်းရှိတရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို အသီးသီးတင်ပြခဲ့ကြပြီး မကွေးတိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။အခမ်းအနားသို့မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်တရားရုံး၊ မကွေးမြို့နယ် တရား ရုံး၊ မင်းဘူးခရိုင်တရားရုံးနှင့် မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားသူကြီးများ/ တရားရေး အရာရှိ (၃၂ )ဦးသည် In Person ဖြင့် တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့်မြို့နယ်တရားရုံးတို့မှ တရားသူကြီး( ၄၈  )ဦး သည် Online စနစ်ဖြင့် လည်းကောင်း၊ စုစုပေါင်း ( ၈၀ )ဦးတက်ရောက်ခဲ့ကြပါသည်။