မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ကွန်ပျူတာသင်တန်းကို ၁၇-၁၁-၂၀၂၅ရက်နေ့ (၁၅:၀၀)နာရီအချိန်ကမကွေးတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် မကွေးတိုင်းဒေသကြီးတရား လွှတ်တော်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိများတက် ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်တရားရုံးနှင့် မကွေးမြို့နယ်တရားရုံးတို့မှ သင်တန်းသား/ သင်တန်းသူ(၁၂)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ၁၇-၁၁-၂၀၂၅ ရက်နေ့မှ ၂၁-၁၁-၂၀၂၅ ရက်နေ့အထိ သင်တန်းဖွင့်လှစ်ပို့ချသင်ကြား ပေးခဲ့ပါသည်။