သတင်းများ

စေ့စပ်ဖြေရှင်းရေးစနစ်လုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်း
Post Image Post Image Post Image

            မကွေးတိုင်းဒေသကြီးတရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးစနစ်လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို ၄-၁၁-၂၀၂၃ ရက်နေ့ နံနက် (၉)နာရီ အချိန်ခန့်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင်   ကျင်းပခဲ့ရာ    မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ စေ့စပ်ဖြေရှင်းရေးအရာရှိများ၊ တရားရေးအရာရှိများ၊ ခရိုင်နှင့်မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိသင်တန်းသား၊ သင်တန်းသူ (၇၂)ဦး တက်ရောက်ခဲ့ပြီး တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများအား အမှုများအမြန်ပြီးပြတ်စေရေး၊ အမှုသည်များကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်ရရှိပြီး အငြင်းပွားမှုများကို အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ဖြေရှင်းနိုင်ရေးနှင့်ပြည်သူအများ စိတ်ကျေနပ်မှု မြင့်မားလာစေနိုင်ရေး၊ တရားစီရင်ရေးအပေါ် ပြည်သူတို့ယုံကြည်ကိုးစားမှုမြင့်မားလာစေရန်နှင့် တရားမမှုခင်းလက်ကျန်များ လျော့နည်းကျဆင်းစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုများရှိစေရန် ရည်ရွယ်၍ တရားရုံးကဦးဆောင်သည့် လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူများမှ အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး သင်တန်းကို နံနက် (၁၁)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။