မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို ၂၅-၁၀-၂၀၂၅ ရက်နေ့ (၉:၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊မကွေးခရိုင်၊မကွေးမြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်း(၁၅)ဦးသည် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင်လည်းကောင်း၊ ကျန်ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်း(၁၂၀)ဦးသည် Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းအား သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၃၅)ဦးဖြင့် သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။