မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် စေ့စပ်ဖြေရှင်းရေးစနစ်လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို ၁၈-၁၀-၂၀၂၅ ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ပြီးအခမ်းအနားသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားရေး အရာရှိများသည် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင် လည်းကောင်း၊ ကျန်ခရိုင် နှင့် မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများသည် Online ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်မာလာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ သင်တန်းအား (In person/Virtual) ဖြင့် စုစုပေါင်း သင်တန်းသား(၆၇)ဦးကို သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။