သတင်းများ

(၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲကျင်းပ
Post Image Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ခရိုင်တရားသူကြီးများ၏(၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ၂၄-၈-၂၀၂၅ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ် ဒေါ်မိမိမော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးတရား လွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်အတွင်းရှိ တရားသူကြီး(၃၇)ဦးနှင့် Online စနစ်ဖြင့် ပခုက္ကူခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ချောက်ခရိုင်၊ ဂန့်ဂေါခရိုင်အတွင်းရှိ တရားသူကြီး (၃၉)ဦး စုစုပေါင်း(၇၆)ဦး တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်မိမိမော်က (၂၉)ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုတရားသူကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည့် တရားစီရင်ရေး၊ စီမံ ခန့်ခွဲရေးကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြီး ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မိမိကျရာ တာဝန်များ ကျေပွန်စွာဆောင်ရွက်ကြရေး၊ နိုင်ငံတော်၏ မူဝါဒ၊ ဦးတည်ချက်များနှင့် ဌာနက ချမှတ်ထား သော မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို လိုက်နာဆောင်ရွက်ကြရေး၊ အမှုများကို ကြန့်ကြာမှု မရှိစေဘဲ ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာစစ်ဆေးစီရင်ဆောင်ရွက်ကြရေးနှင့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း၏တတိယနှစ်လုပ်ငန်းအစီအစဉ်(၂၀၂၅) အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များကို မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်သင်းသင်းချိုနှင့်ဒေါ်ခင်နှင်းထွဋ်တို့က ထပ်ဆင့်  ရှင်းလင်းမှာကြားပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် တို့က မှာကြားသည့် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဒေါ်မာလာက ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။