သတင်းများ

(၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲကျင်းပ
Post Image Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် များ၊တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ခရိုင်တရားသူကြီးများ၏(၂၈)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်း အဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ၂၃-၂-၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က မကွေး တိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က (၂၈)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပြီး အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ အမြန်ဆုံးစစ်ဆေးဆောင်ရွက်ရေး၊ ကြန့်ကြာသည့် မှုခင်းများအား အမြန်ပြီးပြတ်စေရေးနှင့် အများပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ်ဖြစ်ထွန်းပေါ်ပေါက်စေရေးတို့ကို မှာကြားခဲ့ ပါသည်။တရားလွှတ်တော်တရားသူကြီး ဒေါ်သင်းသင်းချို နှင့်ဒေါ်ခင်နှင်းထွဋ်တို့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၏လမ်းညွှန်မှာကြားချက်များနှင့်တရားစီရင်ရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မှာကြားချက် များကို  ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်တရားသူကြီးများက မိမိတို့ခရိုင်အတွင်းရှိ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို အသီးသီးတင်ပြခဲ့ကြပြီး မကွေးတိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်တရားရုံး၊ မကွေးမြို့နယ်တရားရုံး၊ တောင်တွင်းကြီးမြို့နယ်တရားရုံး၊ မြို့သစ်မြို့နယ်တရားရုံး၊ မင်းဘူးခရိုင်တရားရုံး၊ မင်းဘူးမြို့ နယ်တရားရုံး၊ ပွင့်ဖြူမြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိ (၅၀)ဦး တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိ (၃၀)ဦးမှာ Online စနစ်ဖြင့်လည်းကောင်း၊ စုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ကြပါသည်။