သတင်းများ

မကွေးဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးခြင်း
Post Image Post Image

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်သည် မကွေးဗဟိုအကျဉ်းထောင်အား ၂၆-၁၂-၂၀၂၄  ရက်နေ့ နံနက် (၉:၃၀)အချိန်ခန့်တွင် သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာ အကျဉ်းသူ၊ အကျဉ်းသား များအား ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားညှင်းပမ်း နှိပ်စက်မှုများ ရှိမရှိ၊ သောက်သုံးရေးသန့်ရှင်းစင်ကြယ်မှု ရှိ မရှိနှင့် အစားအသောက်အာဟာရ သင့်တင့်မျှတကောင်းမွန်စွာ ကျွေးမွေးမှု ရှိ မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု သန့်ရှင်းမှု ရှိ မရှိ၊ အဆောင်များလေဝင်လေထွက် ကောင်းမွန်မှု ရှိမရှိ၊ အမျိုးသမီး အကျဉ်းသူ အချုပ်သားများအား အကာအရံ လုံခြုံစွာဖြင့် အမျိုးသမီး အဖော်များဖြင့် စောင့်ရှောက်မှု ရှိ မရှိတို့ကို စစ်ဆေးကြည့်ရှုခဲ့ပါသည်။

တရားသူကြီးချုပ်မှမကွေးဗဟိုအကျဉ်းထောင်အား စစ်ဆေးကြည့်ရှုခဲ့ရာတွင် တိုင်းဒေသကြီးတရားရေး ဦးစီးမှူးဦးခင်မောင်မြင့်၊ခရိုင်တရားသူကြီး၊မြို့နယ်တရားသူကြီးများနှင့်အတူစစ်ဆေးကြည့်ရှုခဲ့ပြီး ဗဟိုအကျဉ်းထောင်အတွင်း၌ အပြစ်ကျအကျဉ်းသား ကျား(၂၂၀၅)ဦး၊ မ (၃၅၅)ဦး၊စုစုပေါင်း (၂၅၆၀)ဦး ရှိပြီး တရားရုံးစစ်ဆေးဆဲ အချုပ်သား ကျား(၈၄)ဦး၊ မ(၂၆)ဦး၊ စုစုပေါင်း (၁၁၀)ဦး တွေ့ရှိခဲ့ပါသည်။