မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆရာဖြစ်သင်တန်းကို ၇-၁၂-၂၀၂၄ ရက်နေ့ (၉:၀၀)အချိန်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှတရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်တရားရုံးများမှ ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မကွေးမြို့နယ်တရားရုံးနှင့် မင်းဘူးမြို့နယ်တရားရုံးတို့မှ မြို့နယ်တရားသူကြီး၊ တွဲဖက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများတက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၄၁)ဦး တက်ရောက်ခဲ့ပြီး ကျန်ခရိုင်တရားရုံးများဖြစ်သည့် ပခုက္ကူခရိုင်၊ သရက်ခရိုင်၊ ချောက် ခရိုင်၊ အောင်လံခရိုင်တရားရုံးများမှ ခရိုင်တရားသူကြီးများနှင့် တရားရေးအရာရှိများ၊ အဆိုပါ ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားခွင်စာရေးများ (၈၅)ဦးသည် Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။
မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆရာဖြစ်သင်တန်းအား ၇-၁၂-၂၀၂၄ ရက်နေ့ နံနက် (၉:၃၀) နာရီမှ (၃း၃၀)နာရီအထိ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ( ၁၁၁) ဦးတက်ရောက်ခဲ့ပါသည်။