မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင် ၂၁-၉-၂၀၂၄ ရက်နေ့ နံနက် (၉)နာရီအချိန်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ၂၉-၄-၂၀၂၄ ရက်နေ့မှ ၁၀-၇-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် " အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၉၉) " တွင်"သင်တန်းသားစံပြဆု "ရရှိခဲ့သည့် နတ်မောက်မြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီးဦးသန်းနိုင်လင်း (တ/၃၇၁၅)အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်သည့်အခမ်းအနားကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ မကွေးမြို့နယ်၊ နတ်မောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ မင်းလှမြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်မှ ဂုဏ်ပြုဆုငွေပေးအပ်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။