မကွေးတိုင်းဒေသကြီးတရားလွှတ်တော်စေ့စပ်ဖြေရှင်းရေးစနစ်လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို ၂၁-၉-၂၀၂၄ ရက်နေ့ နံနက် (၉)နာရီ အချိန်ခန့်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ မကွေးမြို့နယ်၊ နတ်မောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ မင်းလှမြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်းနှင့် အဆိုပါသင်တန်းသို့ In Person ဖြင့် သင်တန်းသား (၃၀)ဦး၊ Online ဖြင့် သင်တန်းသား (၄၁)ဦး၊ စုစုပေါင်း သင်တန်းသား (၇၁)ဦးတက်ရောက်ခဲ့ပါသည်။