မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ကွန်ပျူတာမွမ်းမံသင်တန်းကို ၂၆-၈-၂၀၂၄ ရက်နေ့ (၁၅:၃၀)အချိန်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် မကွေးတိုင်း ဒေသကြီးတရားလွှတ်တော်မှတရားရေးအရာရှိများ၊ မကွေးခရိုင်တရားရုံးမှခရိုင်တရားသူကြီး၊ဒုတိယ ခရိုင်တရားသူကြီးများ၊ မကွေးမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး၊ တွဲဖက်မြို့နယ် တရား သူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများတက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၁၇)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းအား တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း ဒုတိယနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ် ၂၀၂၄ မဟာဗျူဟာရည်မှန်းချက်၊ မဟာဗျူဟာအစီအစဉ်များ ၄.၅.၂ စွမ်းဆောင် ရည်မြှင့်နည်းပညာဆိုင်ရာသင်တန်းများအစီအစဉ်များနှင့်အညီ တရားရုံးအမှုထမ်းများအတွက် စီမံ ခန့်ခွဲမှုနှင့် နည်းပညာစွမ်းရည်တိုးတက်မြင့်မားစေရန် ကွန်ပျူတာမွမ်းမံသင်တန်းကို ဖွင့်လှစ်ဆောင် ရွက်ခဲ့ခြင်း ဖြစ်ပါသည်။အဆိုပါသင်တန်းအား 2၆-၈-၂၀၂၄ ရက်နေ့မှ ၃၀-၈-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်၍ သင်တန်းပို့ချဆောင်ရွက်လျက်ရှိပါသည်။