သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းဝေးထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Post Image Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ၂၅--၂၀၂၄ ရက်နေ့ နံနက်(:၀၀)နာရီအချိန်က မကွေးတိုင်း ဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

 

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က (၂၇)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ၊ တရားလွှတ်တော်တရားသူကြီး ဒေါ်သင်းသင်းချို နှင့် ဒေါ်ခင်နှင်းထွဋ် တို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ လမ်းညွှန်မှာကြား  ချက်များနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ ၏ မှာကြားချက်များကို  ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်တရားသူကြီးများက မိမိတို့ခရိုင်အတွင်းရှိ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို အသီးသီးတင်ပြခဲ့ကြပြီး မကွေးတိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်

 

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်တရားရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ မင်းဘူးခရိုင်တရားရုံး၊ မင်းဘူးမြို့နယ်တရားရုံး၊ ပွင့်ဖြူမြို့နယ်တရားရုံး၊ မင်းလှမြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိ (၅၂)ဦး တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိ (၂၆)ဦးမှာ Online စနစ်ဖြင့်လည်းကောင်း၊ စုစုပေါင်း (၇၈)ဦးတက်ရောက်ခဲ့ကြပါသည်။