ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ၂၇-၇-၂၀၂၄ ရက်နေ့ (စနေနေ့)နံနက် (၁၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ် ဒေါ်မိမိမော်တက်ရောက်ကြည်ညိုခဲ့ပါသည်။
အခမ်းအနားသို့ မကွေးမြို့၊ ကန်ဦးရတနာကျောင်းတိုက်(ဆရာဒကာကျောင်း)မှ ပင့်ဖိတ်ထားသည့် သံဃာတော်(၅)ပါးကြွရောက်ခဲ့ကြပြီး အခမ်းအနားအစီအစဉ်အရ နမောဿတသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တက်ရောက်လာသူ ဧည့်ပရိတ်သတ်အပေါင်းတို့က ကန်ဦးရတနာကျောင်းထိုင်ဆရာတော်မှ ငါးပါးသီလဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများဖြစ်သည့် ဒေါ်သင်းသင်းချို၊ ဒေါ်ခင်နှင်းထွဋ်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ မကွေးမြို့နယ် နှင့် မင်းဘူးမြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တရားရေး အရာရှိများက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် ကန်ဦးရတနာကျောင်းတိုက်ဆရာတော်မှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။