သတင်းများ

မကွေးဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးခြင်း
Post Image Post Image

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်သည် မကွေးဗဟိုအကျဉ်းထောင်အား ၁၀-၇-၂၀၂၄ ရက်နေ့ နံနက် (၉:၃၀)အချိန်ခန့်တွင် သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာ အကျဉ်းသူ၊ အကျဉ်းသားများအား ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားညှင်းပမ်းနှိပ်စက်မှုများ ရှိမရှိ၊ သောက်သုံးရေ သန့်ရှင်းစင်ကြယ်မှု ရှိ မရှိနှင့် အစားအသောက်အာဟာရ သင့်တင့်မျှတကောင်းမွန်စွာကျွေးမွေးမှု ရှိ မရှိ၊ နေရာ ထိုင်ခင်းသက်သာချောင်ချိမှု သန့်ရှင်းမှု ရှိ မရှိ၊ အဆောင်များ သန့်ရှင်းသပ်ရပ်မှုနှင့် လေဝင်လေထွက် ကောင်းမွန်မှု ရှိမရှိ၊အမျိုးသမီးအကျဉ်းသူ အချုပ်သားများအား အကာအရံလုံခြုံစွာဖြင့် အမျိုးသမီးအဖော် များဖြင့်စောင့်ရှောက်မှုရှိ မရှိ၊  စစ်ဆေးဆဲအမှုများမှ ကြန့်ကြာသည့်အချုပ်တရားခံများ ရှိ မရှိ၊ လူ့အခွင့်အရေး များချိုးဖောက်မှု ရှိ မရှိ တို့ကို စစ်ဆေးကြည့်ရှုခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

တရားသူကြီးချုပ်မှ မကွေးဗဟိုအကျဉ်းထောင်အား စစ်ဆေးကြည့်ရှုခဲ့ရာတွင် တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းစိုး၊ မကွေး အကျဉ်းထောင်တာဝန်ခံ၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ရုံး ရုံးအဖွဲ့မှူး၊ မကွေးခရိုင် တရားသူကြီး၊ မကွေးမြို့နယ်တရားသူကြီးများနှင့်အတူ စစ်ဆေးကြည့်ရှုခဲ့ပြီး  ဗဟိုအကျဉ်းထောင်အတွင်း၌ အပြစ်ကျအကျဉ်းသား ကျား(၁၉၁၅ )ဦး၊ မ ( ၂၆၈ )ဦး၊စုစုပေါင်း ( ၂၁၈၃ )ဦး ရှိပြီး တရားရုံးစစ်ဆေးဆဲ အချုပ်သား ကျား(  ၇၅  )ဦး၊ မ( ၁၇ )ဦး၊ စုစုပေါင်း (  ၉၂  )ဦး တွေ့ရှိခဲ့ပါသည်။