မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် သတင်းမီဒီယာကျွမ်းကျင်မှုဆင့်ပွားသင်တန်းကို ၂၂-၆-၂၀၂၄ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးနှင့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ အောင်လံခရိုင်၊ မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ နတ်မောက်မြို့နယ်၊ မြို့သစ် မြို့နယ်၊မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ အောင်လံမြို့နယ် တရားရုံးတို့မှ သင်တန်းသား၊ သင်တန်းသူ (၃၉)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ၂၂-၆-၂၀၂၄ ရက်နေ့မှ ၂၃-၆-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်၍ သင်တန်းပို့ချခဲ့ပါသည်။