မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်တို့ပါဝင်သောအဖွဲ့သည် ၁၁-၃-၂၀၂၄ ရက်နေ့က အောင်လံမြို့သို့ သွားရောက်၍ အောင်လံမြို့နယ်တရားရုံးသစ်ဆောက်လုပ်နေသည့် (၄)ထပ်အဆောက်အဦနှင့်ဆက်စပ်လုပ်ငန်းများ ဆောက်လုပ်နေမှုများကို စစ်ဆေးကြည့်ရှု ခဲ့ပြီးနောက် အောင်လံခရိုင်တရားရုံး၊ အောင်လံမြို့နယ်တရားရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ ဆင်ပေါင်ဝဲမြို့နယ်တရားရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ တရားစီရင်ရေး၊ တရားရုံးစီမံခန့်ခွဲရေးကိစ္စရပ်များကို တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့မှ တွေ့ဆုံလမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ပါသည်။