သတင်းများ

နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ( National Case Management Program - NCMP) ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ
Post Image Post Image Post Image

မင်းဘူး ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ ကြီးမှူးကျင်းပသော မင်းဘူးခရိုင်တရားရုံး၏ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် (၈း၃၀) နာရီအချိန်တွင် မင်းဘူးမြို့၊ ရွှေဝါဝင်းခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုုပ် ဦးစိန်ထွန်း က အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်စိုးဉာဏ်က မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ၍ မင်းဘူးခရိုင်တရားသူကြီး ဦးဌေးအောင်က မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး အဆိုပါ မေးမြန်းမှုများအပေါ် တိုင်းဒေသကြီးတရားရေးဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ယနေ့ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် ခရိုင် / မြို့နယ်အဆင့် ဆက်စပ်အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်း ရှေ့နေများ၊ အရပ်ဖက်လူမှုအဖွဲ့စည်းများမှ ဖိတ်ကြားထားသူများ၊ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

mb4