တရားလွှတ်တော်

တရားသူကြီး ဒေါ်မာလာ

တရားသူကြီး ဒေါ်မာလာသည် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၎င်းသည် တရား လွှတ်တော်တရားသူကြီးအဖြစ် တာဝန်ပေးအပ်ခြင်း မခံရမီက မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

တရားလွှတ်တော်တရားသူကြီး ဒေါ်မာလာကို ၁၉၆၅ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၎င်းသည် ဥပဒေဘွဲ့ကို    ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ တရားသူကြီး ဒေါ်မာလာသည် တရားရေးဝန်ထမ်း အဆင့်(၄)အဖြစ် ၁၉၉၁ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အဆင့်ဆင့်ရာထူးတိုးမြှင့်ခံရပြီးနောက်  မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူးအဆင့်အထိ တရားရေး ဝန်ထမ်းလုပ်သက် (၃၅)နှစ်ခန့်ကြာသည်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် အိမ်ထောင်မရှိသူ တစ်ဦး ဖြစ်ပါသည်။