တရားသူကြီး ဦးထွန်းထွန်းအောင်သည် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၎င်းသည်တရားလွှတ်တော်တရားသူကြီးအဖြစ်တာဝန်ပေးအပ်ခြင်းမခံရမီကမွန်ပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
တရားလွှတ်တော်တရားသူကြီး ဦးထွန်းထွန်းအောင်ကို ၁၉၆၉ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၎င်းသည် ဥပဒေဘွဲ့ကို ၁၉၉၃ ခုနှစ်တွင် လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် မဟာဥပဒေဘွဲ့ကိုလည်းကောင်း ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ တရားသူကြီး ဦးထွန်းထွန်းအောင်သည် တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် ၁၉၉၆ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အဆင့်ဆင့်ရာထူးတိုးမြှင့်ခံရပြီးနောက် မွန်ပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားရေးဦးစီးမှူးအဆင့်အထိ တရားရေးဝန်ထမ်း လုပ်သက်(၂၉)နှစ် ကြာသည်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပါသည်။