တရားသူကြီး ဒေါ်ခင်နှင်းထွဋ်သည် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည်။ ၎င်းသည် တရားလွှတ်တော်တရားသူကြီးအဖြစ် တာဝန်ပေးအပ်ခြင်းမခံရမီက မွန်ပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားရေးဦးစီးမှူးအဖြစ်လည်း ကောင်း၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်နှင်းထွဋ်ကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၎င်းသည် မဟာဥပဒေဘွဲ့ကို ၁၉၉၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ တရားသူကြီး ဒေါ်ခင်နှင်းထွဋ်သည် တရားရေးဝန်ထမ်းအဆင့်(၄) အဖြစ် ၁၉၉၃ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အဆင့်ဆင့်ရာထူး တိုးမြှင့်ခံရပြီးနောက်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးတွင် ညွှန်ကြားရေးမှူးအဆင့်အထိ တရားရေးဝန်ထမ်းလုပ်သက် (၃၀)နှစ်ကြာသည်အထိ တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ၎င်းသည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်ပါသည်။