တရားလွှတ်တော်

တရားသူကြီးချုပ် ဒေါ်မိမိမော်

တရားသူကြီးချုပ် ဒေါ်မိမိမော်သည် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊  တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။၎င်းသည် တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း မခံရမီက ရွှေဘိုခရိုင်တရားရုံး၊ ဖျာပုံခရိုင်တရားရုံး၊ မော်လမြိုင်ခရိုင်တရားရုံးတို့တွင် ခရိုင်တရား သူကြီး အဖြစ်လည်းကောင်း၊ မွန်ပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် လည်းကောင်း၊မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားလွှတ်တော်တရားသူကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်ကို ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၎င်းသည် ဥပဒေဘွဲ့ကို ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ တရားသူကြီးချုပ် ဒေါ်မိမိမော်သည် တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် ၁၉၈၅ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ရာမှ အဆင့်ဆင့်ရာထူးတိုးမြှင့်ခံရပြီး မွန်ပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားရေး ဦးစီးမှူး အဆင့်အထိ တရားရေးဝန်ထမ်းလုပ်သက် (၃၆) နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရား လွှတ်တော်တရားသူကြီးအဖြစ် (၂)နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပါသည်။